Posts

Showing posts from June, 2020

Covid ကြောင့် Stay Home ‌ေနကြတဲ့ ကာလမှာ Vitamin D က ဘာလို့ အရေးကြီးတာလဲ?

Image
Covid ကြောင့် Stay Home ‌ေနကြတဲ့ ကာလမှာ Vitamin D က ဘာလို့ အရေးကြီးတာလဲ? Vitamin D ဆိုတာ ဘာလဲ? Vitamin D (ဗိုက်တာမင် ဒီ) ဆိုတာ ဗိုက်တာမင်လို့ ခေါ်သော်လည်း ဟော်မုန်းအလားတူ ရှေ့ပြေး ဓာတ်တစ်မျိုးဖြစ်တယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှာ ဗိုက်တာမင်ဓာတ်တွေကို မထုတ်ပေးဘဲ အစားအသောက် နှင့် ဖြည့်စွက်စာ တွေမှသာ ရရှိလေ့ ရှိပါတယ်။ ” ဗိုက်တာမင် ဒီ ” ကတော့ အခြား ဗိုက်တာမင်တွေလို မဟုတ်ဘဲ ခန္ဓာကိုယ်မှ ထုတ်ပေးနိုင် ပါတယ်။ နေရောင်ခြည် နှင့် ထိတွေ့သည့်အခါ ခန္ဓာကိုယ်ထဲရှိ cholesterol ဓာတ်မှ ဗိုက်တာမင် D ကို ထုတ်လွှတ်ပေးပါတယ်။ ဗိုက်တာမင် D ကို အစားအသောက် နှင့် ဖြည့်စွက်စာတွေမှလည်း ရရှိနိုင်ပါတယ်။  Vitamin D ကောင်းကျိုးများ ဗိုက်တာမင် D ဟာ ခန္ဓာကိုယ်ထဲမှာ Calcitriol လို့ခေါ်တဲ့ ဟော်မုန်းအနေနှင့် ပြောင်းသွားပြီး ကယ်ဆီယမ် ဓာတ် နှင့် ကိုယ်ခံအားကို တိုးမြှင့်ပေးပြီး အချိုဓာတ် ထိန်းညှိပေးသည့် Insulin (အင်ဆူလင်) ဓာတ်ကိုပါ ညှိနှိုင်းပေးပါတယ်။ ဒါကြောင့် ဗိုက်တာမင် D ဓာတ်ဟာ ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်း အရိုး နှင့် သွားများကို သန်မာစေခြင်း ဦးနှောက် နှင့် အာရုံကြောကို အားဖြစ်စေခြင်း Insulin ဓာတ်ကို ထိန်းည...

ကလေးတွေမှာ IQ က ပိုအရေးကြီးသလား EQ က ပိုအရေးကြီးသလား

Image
ကလေးတွေမှာ IQ က ပိုအရေးကြီးသလား EQ က ပိုအရေးကြီးသလား IQ ဆိုတာ ဘာလဲ၊ EQ ဆိုတာ ဘာလဲ IQ (Intelligence Quotient) ဆိုတာက အတတ်ပညာ၊ ဘာသာရပ်ပိုင်းဆိုင်ရာကို သင်ယူတတ်မြောက်နိုင်မှုအတိုင်းအတာ ဖြစ်ပါတယ်။ လွယ်လွယ်ပြောရမယ်ဆိုရင် ဉာဏ်ရည်ဉာဏ်သွေးပေါ့။ IQ မြင့်လေ ဉာဏ်ရည်မြင့်လေ ပါ။ EQ (Emotional Quotient) ဆိုတာကတော့ စိတ်ခံစားမှုကို နားလည်ပြီး ဝေဖန်ပိုင်းခြားထိန်းချုပ်နိုင်မှု၊ သူတစ်ပါးအပေါ်ကိုလည်း စာနာနားလည်ပေးနိုင်မှုအတိုင်းအတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် စိတ်အရည်အသွေး ဒါမှမဟုတ် နှလုံးရည်ပဲ ဖြစ်ပါတယ်။  ကလေးတွေ ငယ်စဥ်ကျောင်းသားဘဝ စာသင်ခန်းမှာ အရည်အချင်းစစ်ဆေးကြတဲ့အခါ ဉာဏ်ရည်ဉာဏ်သွေးနဲ့ပဲ ဆုံးဖြတ်လေ့ရှိတာကို တွေ့ရမှာပါ။ ဉာဏ်ရည်မြင့်တဲ့ ကျောင်းသားတွေက စာတော်ပြီး အဆင့်ကောင်းကောင်း ရကြလို့ IQ မြင့်တာကိုပဲ ပိုပြီး အသားပေးတတ်ကြပါတယ်။  EQ ဆိုတာကိုတော့ IQ လောက် တော်တော်များများက မသိကြပါဘူး။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူ၊ လူချစ်လူခင်များတဲ့သူကို EQ ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ တစ်ဖက်သားကို နားလည်ပြီး လိုက်လျောညီထွေရှိအောင် ဆက်ဆံတတ်တဲ့သူကို လူတိုင်းက သဘောကျတတ်ကြပါတယ်။ ဒီလို နှလုံးရည်ကောင်...

စံပြအမေတစ်ယောက်ဆိုတာ

Image
စံပြအမေတစ်ယောက်ဆိုတာ သင်ဟာ ကလေးတွေရဲ့ မေမေတစ်ယောက် ဖြစ်နေပါပြီလား(သို့မဟုတ်) ကလေးတွေရဲ့ မေမေ ဖြစ်ဖို့ရည်ရွယ်နေတဲ့ မိခင်လောင်းလေးတွေပါလား? မိခင်တစ်ယောက် ဘဝကို ရောက်ရှိလာပြီ သို့မဟုတ် မိခင်တစ်ယောက်ဘဝကို ရောက်လာတော့ မယ်ဆိုလျှင် အနည်းနှင့်အများတော့ မိခင်ကောင်းတစ်ယောက်ရဲ့ တာဝန်နဲ့ဝတ္တရား၊ဆုံးမသွန်သင် နည်းလမ်းတွေနှင့် မိမိတို့ရဲ့ ရင်သွေးလေးများကို ပြုစုပျိုးထောင်ခြင်း နှင့် ပတ်သက်ပြီး ပူပန်မှုတွေ၊ နည်းလမ်းတွေနှင့် ဗဟုသုတမ်ားကို ရင်ခုန်စွာ သိချင် ကြပါလိမ့်မယ်။ တကယ်တော့ မိခင်တစ်ယောက် ဘဝကို ခံယူရတာ လြယ္ကူတဲ့ တာဝန် နှင့် သေးငယ်တဲ့ မေတ္တာ တရားတော့ မဟုတ်ပါဘူး။ ယခုဆောင်းပါးလေးကတော့ ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုပြိုးထောင်နေထိုင်လျှင် စံပြ အမေတစ်ယောက် ဖြစ်လာနိုင်မလဲဆိုတဲ့ အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ နံပါတ် (၁) မသိစိတ်ရဲ့ ယှဉ်ပြိုင်မှုကို လွှတ်ချပြီး အကောင်းဆုံး ပြုစုပျိုးထောင်ပါ။ မိမိကိုယ္ကို အခြားသူများနှင့် မနှိုင်းယှဉ်ဖို့ ဖြစ်ပါတယ်။ မိခင်တိုင်းဟာ ပန်းကလေးတွေနည်းတူ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မတူညီတဲ့ အခြေအနေကြားမှာ အကောင်းဆုံး အေမေတြ ဖြစ်ကြပါတယ်။ အရေးအကြီးဆုံးမှာ မိမိရဲ့ အားနည်းချက်ကို အျခားသူ မိ...

အဝလွန်ခြင်းနှင့် စိတ်ကျရောဂါ

Image
အဝလွန်ခြင်းနှင့်စိတ်ကျရောဂါ အဝလွန်ခြင်းဆိုတာဟာ ခန္ဓာကိုယ် သိပ်သည်းဆညွှန်းကိန်း (Body Mass Index) ပမာဏ ၃၀ နှင့်အထက်ရှိနေပြီဆို အဝလွန်နေပြီလို့ သတ်မှတ်ပါတယ်။ အဝလွန်ခြင်းဆိုတာ မည်သည့်အသက်အရွယ် မရွေး၊ က်ားမ မရွေး ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတစ်ခုပါ။ အဝလွန်ခြင်းရောဂါ ဖြစ်လာပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အိပ်ဟောက်ပိတ်ရောဂါ၊ အရိုးအဆစ်အမြစ်နာရောဂါ၊ စသည်တို့အပြင် စိတ်ကျရောဂါ အထိပါ စွဲကပ်နိုင်ပါတယ်။ အဝလွန်ခြင်းနှင့် စိတ်ကျရောဂါဆိုတာ ဆက်စပ်မှုရှိပါသလား? ဟိုးအရင် သုတေသီများကတော့ ဒီမေးခွန်းကို ဖြေဖို့ သေချာတဲ့ အထောက်အထားမပြနိုင်ခဲ့ပါဘူး။ နောက်ပိုင်းလေ့လာချက်များအရ အဝလွန်ခြင်းနှင့် စိတ်ကျရောဂါ ဟာ အပြန်အလှန် ဆက်စပ်မှုရှိနေတာ ကိုတွေ့ရပါတယ်။ အဝလွန်ခြင်းကြောင့် ကြာလာရင် စိတ်ကျရောဂါ ဖြစ်လာနိုင်သလို စိတ်ကျရောဂါ ကြောင့် အဝလွန်ခြင်းဖြစ်လာတာကို တွေ့ရှိရပါတယ်။ အဝလွန်ခြင်းဖြစ်လာတဲ့အခါ စိတ်ကျရောဂါပါ ဘာလို့တွဲဖြစ်လာရတာပါလဲ? လူတစ်ယောက်ဟာ ခန္ဓာကိုယ်အလေးချိန်ဟာ နဂိုပုံမှန်ထက်များလာပြီ၊ အဝလွန်ခြင်းဖြစ်လာပြီဆိုရင် ကြာလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေဟာ ပြောင်းလဲလာပါတယ...

အမေတွေသိဖို့လိုတဲ့ ကလေးပျို့အန်ခြင်းအကြောင်း

Image
ရံဖန်ရံခါ အန်ခြင်းဟာ ကလေးတွေအတွက် အများအားဖြင့် မစိုးရိမ်ရတဲ့ ပုံမှန်အခြေအနေ တစ်ခု ဖြစ်ပါတယ်။ အများစုဟာ တစ်ရက် သို့မဟုတ် နှစ်ရက်မျှသာ ကြာတတ်ပါတယ်။ အဖြစ်အများဆုံး အကြောင်းအရင်းကတော့ ” အထက်လန်အောက်လျှောဖြစ်ခြင်း ” အခြေ အနေကြောင့် ဖြစ်တယ်။ ဆိုးဆိုးရွားရွား အန်လျှင် သို့မဟုတ် ရက်ရှည်အန်နေလျှင်တော့ ရေဓာတ်ဆုံးရှုံးခြင်း အခြေအနေကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ရှိစေနိုင်ပါတယ်။ ပုံမှန်ထက် လွန်ကဲစွာ အန်နေခြင်းဟာ ဆိုးရွားသော ရောဂါများရဲ့ ရှေ့ပြေးလက္ခဏာ တစ်ခု အနေနှင့် ရှိတတ်ပါတယ်။ ဥပမာ – ဦးနှောက် အမှေးယောင်ခြင်း။ ကလေးပျို့အန်ခြင်း ဖြစ်စေသော အကြောင်းအရင်းများ (1) အထက်လန်အောက်လျှောဖြစ်ခြင်း ကလေးတွေမှာ အန်ခြင်း အဖြစ်စေဆုံး အကြောင်းအရင်း တစ်ခုဖြစ်တယ်။ အစာအိမ်နှင့် အူလမ်းကြောင်းထဲသို့ ဘက်တီးရီးယား (သို့မဟုတ်) ဗိုင်းရပ်စ် ပိုးဝင်ခြင်းကြောင့် ဖြစ်တယ်။ အများအားဖြင့် မသန့်ရှင်းသောရေ ၊ မသန့်ရှင်းသော အစားအသောက် စားသောက်မိရာမှ ဖြစ်ပါ တယ်။ (2) အစားအသောက် နှင့် ဓာတ်မတည့်ခြင်း ဓာတ်မတည့်သော အစားအသောက်များ (Food Allergies) ဟာလည်း ကလေးတွေကို ပျို့အန်ခြင်း ဖြစ်စေပါတယ်။ တစ်ခြား ဓာတ်မတည့်သော လက္ခဏာတွေဖြစ်တဲ့ အနီပိန့် ...

အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်စေမယ့် COVID-19 စပါယ်ရှယ်မီနူး

Image
အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်စေမယ့် COVID-19 စပါယ်ရှယ်မီနူး ဒီနေ့လက်ရှိအချိန်ကာလက Coronavirus လို့ခေါ်တဲ့ COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးက မိသားစုတွေအတွက် ကမောက်ကမဖြစ်စေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ မူကြိုတွေ၊ ကျောင်းတွေ ပိတ်နေတဲ့အတွက် မိဘတော်တော်များများက အိမ်မှာ ကလေးငယ်တွေနဲ့ လတော်တော်ကြာကြာ အတူရှိနေကြတဲ့အချိန်လည်း ဖြစ်ပါတယ်။ အိမ်မှုကိစ္စတင်မက ကလေးတွေကို ပြုစုစောင့်ရှောက်ရတာအပြင် ချက်ပြုတ်ကျွေးမွေးရတဲ့တာဝန်ကလည်း အရင်ကထက်ပိုပြီး သိသာလာပါတယ်။ နောက်တစ်နေ့မှာ ဘာဟင်းလျာချက်ပြုတ်ကျွေးမွေးပေးရမလဲဆိုတာကလည်း မေမေတို့အဖို့ နေ့တိုင်းစိန်ခေါ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် COVID-19 ဗိုင်းရပ်စ် ကူးစက်တာကို လျှော့ချနိုင်ဖို့ ‌ဈေးဝယ်ထွက်တဲ့အခါမှာ Social distancing လို့ခေါ်တဲ့ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေပါဆိုတဲ့ လမ်းညွှန်ချက်ကို လိုက်နာဖို့ ၆ ပေ (၂ မီတာ) လောက် ခွာနေရတာ၊  လူဦးရေမထူထပ်တဲ့အချိန် ရွေးချယ်ဝယ်ယူရတာ၊ ဝယ်နိုင်တဲ့ပမာဏကလည်း ကန့်သတ်ထားတာ ဖြစ်တဲ့အပြင် COVID-19 ကာလ လုပ်ငန်းခွင်တွေ ပိတ်ထားတဲ့အတွက် ကုန်ကျစားရိတ်ကိ...

ကိုယ်ဝန်ဆောင်နှင့် လိင်ဆက်ဆံရာမှ ကူးစက်တတ်သောရောဂါများ အကြောင်း

Image
ကိုယ်ဝန်ဆောင်နှင့် လိင်ဆက်ဆံရာမှ ကူးစက်တတ်သောရောဂါများ အကြောင်း ရေးသားသူ Dr.Aye Myat Myat Noe ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe. ကိုယ်ဝန်သည်အမျိုးသမီးတွေဟာ အခြားလူတွေလိုပဲ လိင်လမ်းကြောင်းမှတဆင့်ကူးစက်တတ်သောရောဂါများ ဖြစ်နိုင်ချေရှိပါတယ်။ အကယ်လို့ သင်ဟာကိုယ်ဝန်သည်မိခင်ဆိုပါက သင့်ကိုယ်သင်နှင့် သင့်ကလေးကို ကာကွယ်နိုင်ဖို့ ဒါတွေကိုသိထားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ရောဂါရှာဖွေကြည့်ဖို့လိုသလား လိင်လမ်းကြောင်းမှ ကူးစက်တတ်သောရောဂါတွေဟာ ကိုယ်ဝန်ကိုအန္တရာယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ပထမဆုံး ဆေးရုံသွားဗိုက်အပ်ကတည်းက စစ်ဆေးရှာဖွေဖို့လိုအပ်ပါတယ်။ တကယ်လို့ အရင်ကစစ်ထားဖူးရင်တောင်မှ ကိုယ်ဝန်ဆောင်စဉ်မှာ ထပ်စစ်ဖို့လိုပါတယ်။ ရောဂါတော်တော်များများက လက္ခဏာထင်ထင်ရှားရှားမပြနိုင်သေးခင်မှာ သင်ခံစားနေရတာများရှိပါက သို့မဟုတ် ရောဂါရနိုင်ခြေရှိတဲ့ ကာမစပ်ယှက်မှုမျိုးရှိခဲ့ဖူးပါက ဆရာဝန်ကို ဖွင့်ဟအသိပေးပြောပြဖို့က အရေးကြီးပါတယ်။ ကိုယ်ဝန်ကို ဘယ်လိုထိခိုက်နိုင်လဲ HIV- သင့်ကလေးဆီကို ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားနေစဉ် သို့မဟုတ် နို့တိုက်နေစဉ် ကူးစက်သွားနိုင်ပါတယ်။ ကံကောင်းစွာပဲ တကယ်လို့သင်က ရောဂါကိုစောစီးစွာသိရှိခဲ့...

ကလေးတွေမှာ အဖြစ်များတဲ့ အစာအိမ် နှင့် အူလမ်းကြောင်း ပြဿနာများ

Image
ကလေးတွေမှာ အဖြစ်များတဲ့ အစာအိမ် နှင့် အူလမ်းကြောင်း ပြဿနာများ အစာအိမ် နှင့် အူလမ်းကြောင်း ပြဿနာများဟာ ကလေးတွေ မိဘတွေကို အပြောဆုံး အခြေအနေ တွေ ဖြစ်တယ်။ ဖေဖေမေမေတွေဟာ မိမိခလေးငယ်များရဲ့ ဗိုက်နာတယ်၊ ဝမ်းချုပ်တယ်၊ ဝမ်းလျှောတယ်၊ အန်တယ် ၊ ရင်ပူတယ် ဆိုတဲ့ အခြေအနေတွေကို ကြုံဖူးကြလေ့ရှိကြတယ်။ အများစု အန္တရာယ် မရှိတတ်ကြသော်လည်း တစ်ခါတစ်ရံမှာတော့ အသက်အန္တရာယ် ရှိစေနိုင်ပါ တယ်။ အောက်ပါ အစာအိမ် နှင့် အူလမ်းကြောင်းပြဿနာ (၄) ခုကတော့ ကလေးတွေမှာ အဖြစ်များတဲ့ အခြေအနေတွေဖြစ်တယ်။ (၁) ရင်ပူခြင်း ကလေးတွေရဲ့ 3-5 % ဟာ ရင်ပူခြင်း ခံစားရလေ့ရှိတယ်လို့ ဆိုပါတယ်။ အစာအိမ်ထဲတွင် ရှိနေသော အက်စစ်ပါတဲ့ အစာအိမ်အရည်တွေဟာ oesophagus လို့ခေါ်တဲ့ အစာမျို ပိုက်ထဲသို့ ဆန်တက်တဲ့ အခြေအနေကြောင့် ဖြစ်တယ်။ GERD ရောဂါလို့လည်း ခေါ်ကြတယ်။ အစာအိမ် အက်စစ်ဓာတ်များခြင်း၊ အစာမျိုပိုက် အရင်းရှိ ညှစ်ကြွက်သား (oerophagal sphincter) အားနည်းခြင်း နှင့် အချို့သော အစားအသောက်တွေကြောင့် ဖြစ်ပေါ်လေ့ရှိတယ်။ Q.ဖြစ်စေသော အကြောင်းအရင်းများ အက်စစ်ဓာတ်များသော အစားအသောက်များ eg.ချဉ်သော အသီးများ အဆီများသော အစားအသောက် နှင့် အကြော်များ အဝလွန်ခြင်း စိတ်ပူပန်မ...

ကလေးအစာအိမ်နှင့် အူလမ်းကြောင်းပို ပိုအားဖြစ်စေဖို့ ဘာတွေ ပိုကျွေးသင့်သလဲ?

ကလေးအစာအိမ်နှင့် အူလမ်းကြောင်းပို ပိုအားဖြစ်စေဖို့ ဘာတွေ ပိုကျွေးသင့်သလဲ?  အစာလည်းဆေး ၊ ဆေးလည်းအစာ  ဆိုတဲ့ စကား နှင့်အညီ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာတွေဟာ လူတိုင်းအတွက် အားအင်ဖြစ်စေပြီး သဘာဝအသက်ရှည်ဆေးများ ဖြစ်ကြပါတယ်။ အချို့ အစားအစာတွေဟာ အရိုး နှင့် သွားများကို အားကောင်းစေတယ်။ အချို့အစားအစာတွေဟာ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးစေတယ်။ အချို့ အစားအစာတွေဟာ ကိုယ်ခံအားကောင်းစေတယ် အစရှိသဖြင့် အမျိုးမျိုး ကွဲပြားကြပါတယ်။ အောက်ပါ အစားအစာတွေကတော့ သင့်ကလေးရဲ့ အစာအိမ် နှင့် အူလမ်းကြောင်းကို ပိုမိုအား ဖြစ်စေပါတယ်။ (၁) ဒိန်ချဉ် ဒိန်ချဉ်ဟာ အစာအိမ် နှင့် အူလမ်းကြောင်းအတွက် အရမ်းကောင်းမွန်တဲ့ အစားအစာ တစ်ခုဖြစ်တယ်။ ဒိန်ချဉ်မှာ Probiotic လို့ ခေါ်တဲ့ အူလမ်းကြောင်း အကျိုးပြု သဘာဝ ဇီဝပိုးလေးတွေ ပါပါတယ်။ ၎င်း သဘာဝ ဇီဝ အူလမ်းကြောင်း အကျိုးပြု ပိုးလေးတွေဟာ သင့်ကလေးရဲ့ အူလမ်းကြောင်းကို ကျန်းမာစေပြီး အားဖြစ်စေပါတယ်။ ဒိန်ချဉ်ဟာ ဝမ်းချုပ်တတ်သော ကလေးများအတွက် သင့်တော်ပါတယ်။ ပိုးသတ်ဆေး ရက်ရှည်စွဲသောက်ရခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင်လည်း ဒိန်ချဉ်ပေါ်တွင် အူလမ်းကြောင်း အကျိုးပြု ဇီဝပိုးလေတွေက ကောင်းမွန်အော...

ကလေးဝမ်းပျက်ဝမ်းလျှောခြင်း နဲ့ Probiotics / Prebiotics တွေရဲ့ အခန်းကဏ္႑

ကလေးဝမ်းပျက်ဝမ်းလျှောခြင်း နဲ့ Probiotics / Prebiotics တွေရဲ့ အခန်းကဏ္႑ Probiotics / Prebiotics ဆိုတာဘာလဲ? ယေဘုယျအားဖြင့် ပရိုဗိုင်းအိုကစ် (Prebiotic) / ပရီဗိုင်းအိုတစ် (Prebiotic) တွေဆိုတာ အူလမ်း ကြောင်းကို အကျိုးပြုတဲ့ အကျိုးဖြစ်စေတဲ့ အရာတွေ ဖြစ်တယ်။ အစာချေဖျက်ခြင်းကို ကောင်းမွန်စေပြီး ဝမ်းလျှောခြင်းတွေအတွက် သက်သာစေနိုင်ပါတယ်။ Probiotic ဆိုတာ? Probiotic ဆိုတာ အူလမ်းကြောင်း အကျိုးပြု ဘက်တီးရီးယားပိုးလေးတွေ ဖြစ်တယ်။ အူလမ်းကြောင်းအတွက် အန္တရာယ်ဖြစ်စေသော ဘက္တီးရီးယား နှင့် မှိုအန္တရာယ်မှ ကာကွယ်ပေး ပါတယ်။ အူလမ်းကြောင်း အကျိုးပြု ဘက္တီးရီးယားပိုး အချို့ဟာ ဗိုက်တင်မင်ကေ နှင့် short chain Fatty acid ကို ဖြစ်ပေါ်စေပါတယ်။ Short Chain Fatty Acid ဓာတ်ဟာ အူမကြီးမှာ ရွိတဲ့ ဆဲလ်တွေကို အာဟာရ ဖြစ်စေပြီး အကာအကွယ်ပိုပေးနိုင်အောင် ပြုလုပ်ပေးပါတယ်။ အူလမ်းကြောင်း ရောင်ယမ်းမှုကို သက်သာစေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 2017 တွင် လုပ်သော Cochrane စစ်တမ်းတွင် Probiotic တွေဟာ ပိုးသတ်ဆေး သောက် ခြင်းကြောင့် ဝမ်းလျှောခြင်း (antibiotic related diarrhea) ကို 60 ရာခိုင်နှုန်းခန့်...

မနက်စာမဖြစ်မနေစားသင့်တဲ့အကြောင်းရင်းများ

Image
လူတိုင်းနီးပါးဟာ မနက်မိုးလင်းတာနဲ့ သက်ဆိုင်ရာ အလုပ်ကိုယ်စီအတွက် ရုန်းကန်လှုပ်ရှားနေကြရပါပြီ။ ဟိုးအရင်တုန်းကလို မနက္စာကို မိသားစု စုံစုံလင်လင်နဲ့ ၀ိုင်းဖွဲ့စားသောက်ဖို့ဆိုတာ တော်တော်ရှားသွားပါပြီ။ အလုပ်သွားခါနီး ကော်ဖီနဲ့ မုန့်တစ်ခုကို ကမန်းကတန်း စားသြားရတဲ့ လူတွေ တချို ့ဆို မနက်စာတောင် မစားနိုင်ဘဲ အပြေးအလွှား အလုပ်သွားရတဲ့ လူတွေ များပါတယ်။ တချို ့ကျတော့ စားဖို့ အတွက် အချိန်ကို မပေးလိုက်နိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ဘယ္လိုပဲ ဖြစ်ဖြစ် မနက္စာကို ကော်ဖီလောက် ဘီစကစ်လောက် မဟုတ်ဘဲ သေချာစားဖို့ အကြံပြုပါရစေ။ ဘာကြောင့်လဲဆိုတော့ မနက္စာ မစားခြင်းရဲ့ ဆိုးကျိုးတွေဟာ ဘ၀နေထိုင်မှုနဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ အတွက်ဖြစ်ပါတယ်။ ဆီးချိုဖြစ်စေမယ့် အန္တရာယ်ကို လျှော့ချစေခြင်း မနက္စာ မစားတာနဲ့ ဆီးချိုတက်ခြင်းဟာ အချိတ်အဆက် ရှိတယ်လို့ စမ်းသပ်တွေ့ရှိမှုတွေက ဆိုထားပါတယ်။ ကမ္ဘာ့ဆေးပညာရှင်တွေကတော့ မနက်််စာစားခြင်းဟာ ကျန်တဲ့ နေ့တစ်နေ့တာရဲ့ အစာစားချင်တဲ့ အာသီသကို ပုံမှန်ဖြစ်စေတယ်လို့ ဆိုပါတယ်။ မနက်စာစားခြင်းဟာ အင်ဆူလင်ဓာတ်ကို ရစေပြီး ဆီးချိုနဲ့ သွေးတိုးရောဂါတို့ကို ထိန်းချုပ်ပေးနိုင်တယ်လို့ ရောဂါကူးစက...