Covid ကြောင့် Stay Home ေနကြတဲ့ ကာလမှာ Vitamin D က ဘာလို့ အရေးကြီးတာလဲ?
Vitamin D ဆိုတာ ဘာလဲ?
Vitamin D (ဗိုက်တာမင် ဒီ) ဆိုတာ ဗိုက်တာမင်လို့ ခေါ်သော်လည်း ဟော်မုန်းအလားတူ ရှေ့ပြေး ဓာတ်တစ်မျိုးဖြစ်တယ်။
ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှာ ဗိုက်တာမင်ဓာတ်တွေကို မထုတ်ပေးဘဲ အစားအသောက် နှင့် ဖြည့်စွက်စာ တွေမှသာ ရရှိလေ့ ရှိပါတယ်။
” ဗိုက်တာမင် ဒီ ” ကတော့ အခြား ဗိုက်တာမင်တွေလို မဟုတ်ဘဲ ခန္ဓာကိုယ်မှ ထုတ်ပေးနိုင် ပါတယ်။
နေရောင်ခြည် နှင့် ထိတွေ့သည့်အခါ ခန္ဓာကိုယ်ထဲရှိ cholesterol ဓာတ်မှ ဗိုက်တာမင် D ကို ထုတ်လွှတ်ပေးပါတယ်။
ဗိုက်တာမင် D ကို အစားအသောက် နှင့် ဖြည့်စွက်စာတွေမှလည်း ရရှိနိုင်ပါတယ်။
Vitamin D ကောင်းကျိုးများ
ဗိုက်တာမင် D ဟာ ခန္ဓာကိုယ်ထဲမှာ Calcitriol လို့ခေါ်တဲ့ ဟော်မုန်းအနေနှင့် ပြောင်းသွားပြီး ကယ်ဆီယမ် ဓာတ် နှင့် ကိုယ်ခံအားကို တိုးမြှင့်ပေးပြီး အချိုဓာတ် ထိန်းညှိပေးသည့် Insulin (အင်ဆူလင်) ဓာတ်ကိုပါ ညှိနှိုင်းပေးပါတယ်။
ဒါကြောင့် ဗိုက်တာမင် D ဓာတ်ဟာ
ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်း
အရိုး နှင့် သွားများကို သန်မာစေခြင်း
ဦးနှောက် နှင့် အာရုံကြောကို အားဖြစ်စေခြင်း
Insulin ဓာတ်ကို ထိန်းညှိပေးသည့်အတွက် ဆီးချိုထိန်းရာတွင် အကျိုးရှိစေခြင်း
အဆုပ် နှင့် နှလုံး ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေခြင်း
တုပ်ကွေးမိနှုန်းကို လျော့နည်းစေခြင်း စသည့် အကျိုးကျေးဇူး ရရှိစေပါတယ်။
Vitamin D ဓာတ် ရရှိနိုင်သော အရာများ
နေရောင်ခြည်
အဆီများသော ငါးအမျိုးမျိုး
ဥအနှစ်များ
ချိ(စ်)
အမဲအသည်း
မှိုအမျိုးမျိုး
ဗိုက်တာမင် D ထည့်ထားသော နို့ နှင့် နို့ထွက်ပစ္စည်းများ
ဗိုက်တာမင် D ထည့်ထားသော အစားအစာ နှင့် သစ်သီးဖျော်ရည်များ
ဗိုက်တာမင် D ဖြည့်စွက်စာများ
ဘယ်သူတွေက ဗိုက်တာမင် D ဓာတ်ချို့တဲ့ နိုင်ခြေများသလဲ?
အသားအရောင်ရင့်သူများ
အသက်ကြီးသူများ
မိခင်နို့တစ်မျိုးတည်း သောက်နေသော မွေးကင်းစ ကလေးငယ်များ
အဝလွန်သူများ
အိမ်တွင်းအနေများသူများ
နို့ နှင့် ငါး အစားနည်းသူများ
အပြင်သွားလျှင် နေရောင်ခံ ခရင် (Sunscreen) လိမ်းသူများ
နေရောင်ခြည် အရ နည်းသော အပူပိုင်းဒေသ (Equator) နှင့် ဝေးသည့် နေရာတွင် နေထိုင်သူများ
ဗိုက်တာမင် D ဓာတ်ချို့တဲ့လျှင် ဘာတွေဖြစ်နိုင်သလဲ?
မကြာခဏ နေမကောင်းဖြစ်ခြင်း
မကြာခဏ ဖျားခြင်း
မကြာခဏ ပိုးဝင်ခြင်း
အားမရှိခြင်း နှင့် နုန်းခွေပင်ပန်းခြင်း
အရိုး နှင့် ခါးနာခြင်း
စိတ်ဓာတ်ကျခြင်း
အနာကျက် နှုန်းနှေးခြင်း
ဆံပင် ကျွတ်ခြင်း
ကြွက်သားနာခြင်း
Vitamin D နှင့် Covid 19
Covid 19 ကြောင့် Home Stay နေကြရတဲ့ ကာလမှာ ဗိုက်တာမင် D ဓာတ်ဟာ အရေးကြီး လာပါတယ်။
Home Stay နေကြရတဲ့ကာလမှာ နေရောင် နှင့် ထိတွေ့မှု နည်းခြင်း အခြေအနေ တစ်ရပ်လည်း ဖြစ်ပေါ်ပါတယ်။
၎င်းအပြင် အချို့ စမ်းသပ် လေ့လာမှုများတွင် ကိုယ်ခံအားနည်းခြင်းဟာ covid ရောဂါကို ပိုကူးစက်စေပြီး ဆိုးရွားတဲ့ အခြေအနေကို ဖြစ်ပေါ်စေတယ်လို့ တွေ့ရှိရပါတယ်။
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ဆဲလ်တွေမှာ ဗိုက်တာမင် D ကို လက်ခံ အသုံးပြုနိုင်တဲ့ လက်ခံ receptor တွေပါ ရှိပါတယ်။ ဒါကြောင့် ဗိုက်တာမင် D ဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ရောဂါဒဏ်ကို ပိုခံနိုင်စေတယ်လို့ ယူဆကြပါတယ်။
ထို့အပြင် ဗိုက်တာမင် D ဟာ ကိုယ်ခံအား ဆဲလ်များစွာများ CD8 ဆဲလ် နှင့် T ဆဲလ် ကို ပိုများစေတဲ့ အတွက် အဆုပ်ထဲ သို့ ဗိုင်းရပ်(စ်) ပိုးဝင်တဲ့ အခြေအနေတွေမှာ ပိုမို ရောဂါ ကောင်း မွန် အောင် ထောက်ပံ့နိုင်တယ်လို့ ယူဆကြပါတယ်။
ထို့အပြင် Covid ရောဂါ ခံစားရတဲ့အခါ ဆိုးရွားတဲ့ အခြေအနေတွေမှာ ‘Cytokine Strom’ လို့ ခေါ်တဲ့ ရောင်ရမ်းမှု ဖြစ်စေတဲ့ ဓာတ်များစွာ ထွက်တဲ့ အခြေအနေ တစ်ခု ဖြစ်ပေါ်ပါတယ်။ ၎င်း အခြေအနေဟာ အသက်အန္တရာယ် ဖြစ်စေပါတယ်။
Vitamin D ဟာ ၎င်း Cytokine လို့ ခေါ်တဲ့ ရောင်ရမ်းမှု ဖြစ်စေတဲ့ဓာတ်ကို လျှော့ချပေး တဲ့အ တွက် ထိုအခြေအနေတွေမှာ အကျိုးကျေးဇူး ရှိစေတယ်လို့ ချို့တဲ့ခြင်း မရှိစေဖို့ လိုအပ်ပါတယ်။
ဘယ်အချိန် Vitamin D ဓာတ် ချို့တဲ့တယ်လို့ ယူဆမလဲ?
သွေးထဲမှာ ရှိနေတဲ့ ဗိုက်တာမင် D ဓာတ်ကို တိုင်းတာနိုင်ပါတယ်။
12 ng/ml အောက်ကို ဗိုက်တာမင် D ချို့တယ် တယ်လို့ သတ်မှတ်ပါတယ်။
20-50 ng/ml ပမာဏကတော့ လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။
> 150 ng / ml ကျော်လျှင်တော့ အလွန်အကျွံ များနေတဲ့ အခြေအနေ (Toxic Level) ဖြစ်ပါ တယ်။
လူတစ်ယောက်ရဲ့ တစ်နေ့တာ ဗိုက်တာမင် D လိုအပ်ချက် (RDI)
ယေဘုယျအားဖြင့် 400 IU မှ 800 IU အတွင်း လိုအပ်ပါတယ်။
ကလေးငယ်များ (0-12 လ) – 400 IU (10 mcg)
ကလေးများ (1 နှစ် -18 နှစ်) – 600 IU (15 mcg)
လူကြီးများ (အသက် 70 နှစ်အထိ) – 600 IU (15 mcg)
ကိုယ်ဝန်ဆောင်နှင့် နို့တိက်မိခင်များ – 600 IU (15 mcg)
အသက် 70 နှင့် အထက် အဖိုးအဖွားများ – 800 IU (20 mcg)
4,000 IU ထက် ပိုသောက်သုံးမယ်ဆိုလျှင်တော့ ဆရာဝန် ညွှန်ကြားချက် လိုအပ်ပါတယ်။
Dr. Yin Yin Win
M.B;B.S (YGN)
Dip.Med.Sc (Family Medicine)
ဤဆောင်းပါးအား Ondoctor မှ ပြန်လည်ကူးယူဖော်ပြသည်။
Comments
Post a Comment
ဝေဖန်အကြံပြုချက်များ ရေးသားခဲ့နိုင်ပါသည်