စံပြအမေတစ်ယောက်ဆိုတာ

စံပြအမေတစ်ယောက်ဆိုတာ



သင်ဟာ ကလေးတွေရဲ့ မေမေတစ်ယောက် ဖြစ်နေပါပြီလား(သို့မဟုတ်)
ကလေးတွေရဲ့ မေမေ ဖြစ်ဖို့ရည်ရွယ်နေတဲ့ မိခင်လောင်းလေးတွေပါလား?
မိခင်တစ်ယောက် ဘဝကို ရောက်ရှိလာပြီ သို့မဟုတ် မိခင်တစ်ယောက်ဘဝကို ရောက်လာတော့ မယ်ဆိုလျှင် အနည်းနှင့်အများတော့ မိခင်ကောင်းတစ်ယောက်ရဲ့ တာဝန်နဲ့ဝတ္တရား၊ဆုံးမသွန်သင် နည်းလမ်းတွေနှင့် မိမိတို့ရဲ့ ရင်သွေးလေးများကို ပြုစုပျိုးထောင်ခြင်း နှင့် ပတ်သက်ပြီး ပူပန်မှုတွေ၊ နည်းလမ်းတွေနှင့် ဗဟုသုတမ်ားကို ရင်ခုန်စွာ သိချင် ကြပါလိမ့်မယ်။
တကယ်တော့ မိခင်တစ်ယောက် ဘဝကို ခံယူရတာ လြယ္ကူတဲ့ တာဝန် နှင့် သေးငယ်တဲ့ မေတ္တာ တရားတော့ မဟုတ်ပါဘူး။
ယခုဆောင်းပါးလေးကတော့ ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုပြိုးထောင်နေထိုင်လျှင် စံပြ အမေတစ်ယောက် ဖြစ်လာနိုင်မလဲဆိုတဲ့ အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

နံပါတ် (၁) မသိစိတ်ရဲ့ ယှဉ်ပြိုင်မှုကို လွှတ်ချပြီး အကောင်းဆုံး ပြုစုပျိုးထောင်ပါ။

မိမိကိုယ္ကို အခြားသူများနှင့် မနှိုင်းယှဉ်ဖို့ ဖြစ်ပါတယ်။
မိခင်တိုင်းဟာ ပန်းကလေးတွေနည်းတူ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မတူညီတဲ့ အခြေအနေကြားမှာ အကောင်းဆုံး အေမေတြ ဖြစ်ကြပါတယ်။
အရေးအကြီးဆုံးမှာ မိမိရဲ့ အားနည်းချက်ကို အျခားသူ မိခင်တွေရဲ့ အားသာချက်နဲ့ နှိုင်းယှဉ်ပြီး သိမ်ငယ်စိတ် မဝင်ဖို့ ဖြစ်ပါတယ်။
မိမိရဲ့ အခြေအနေ၊ အနေအထားနဲ့ မိမိရဲ့ ကလေးငယ်အတွက် အကောင်းဆုံး ဖန်တီးပျိုးထောင် ပေးနေတဲ့ မေမေတွေဟာ စံပြမေမေ တစ်ယောက် ဖြစ်ပါတယ်တဲ့ စာဖတ်သူတို့ရေ။
မိခင်တိုင်းရဲ့ ဘဝေပး အခြေအနေတွေက မတူညီကြပါဘူး။
စံပြ အမေတစ်ယောက်ရဲ့ လှပမှုဟာ မိမိရင်သွေး၊ မိမိကလေးအတွက် အမြဲ ကြိုးစားပြီး အကောင်း ဆုံး တွေ ဖန်တီးပေးနေတဲ့ သူဖြစ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

နံပါတ် (၂) သင့်ရဲ့ အကောင်းဆုံးတွေဟာ သင့်ကလေးအတွက် လုံလောက်ပါတယ်။

စစ်တမ်းတွေအရ၊ စမ်းသပ်ချက်တွေအရ သင့်ရဲ့ အကောင်းဆုံးတွေဟာ သင့်ကလေးအတွက် လုံလောက်ပါတယ်တဲ့ စာဖတ်သူတို့ရေ။
ဥပမာပြရလျှင်
သင့်ကလေးဟာ ဝတ်စုံအသစ် တစ်ခုလိုချင်တယ် ဆိုပါတော့။
သင်ဟာ ထိုဝတ်စုံအတွက် ဝယ်ပေးဖို့ရာ လုံလောက်တဲ့ ငွေမရှိပါလျှင် သင်လုပ်ပေးတတ်သလို လေး ကေလးကိုပါ ဝင်ရောက်ကူစေခြင်းဖြင့် ပျော်ရွှင်ဖို့ ကောင်းတဲ့ ဝတ္စုံကို ဖန်တီးပေးလိုက်ပါ။
ထပ္တူ က်တဲ့ ဝတ္စုံတစ္စုံ ထြက္လာမွာ မဟုတ်ပေမယ့် သင်ကိုယ်တိုင် ဖန်တီးပေးတဲ့ ပျော်ရွှင် စရာ ဝတ္စုံဖန္တီးတဲ့ အချိန်နဲ့ အမွတ္တရဟာ သင့်ကလေးအတွက် ရင်ထဲ ကျန်စေမယ့် အရာဖြစ်ပါတယ်။
ကလေးတွေဟာ သူဘာပစ္စည်းပိုင်ဆိုင်ခဲ့ရတယ်ဆိုတာကို မှတ်မိတာ မရွိဘဲ အမွတ္တရ မှတ်ဉာဏ် တွေကိုသာ မှတ်မိလေ့ရှိပါတယ်။
သင့်ကလေးဟာ သင့်ရဲ့ ပြုစုပျိုးထောင်ပေးမှုကို ဘာတွေ ပေးနေသလဲထက် ဘယ္လို မြင်လဲဆိုတဲ့ အမြင်က ပိုအရေးကြီးပါတယ်။

နံပါတ်(၃) သင့်ကလေးနှင့် ဆက်သွယ်ခြင်းအနုပညာ

စံပြအမေတစ်ယောက် ဖြစ်ဖို့ မိမိရဲ့ သားသား မီးမီးလေးတွေနဲ့ ဆက်သွယ်ခြင်း အနုပညာဟာ အရမ်းအရေးပါတယ်။
မိမိသားသမီးတွေကို နားလည်မှ စံပြ အမေတစ်ယောက် ဖြစ်နိုင်ပါမယ်။
မိမိသားသမီးရဲ့ အမူအကျင့်၊ ဗီဇ၊ ဝါသနာ၊ စိတ်ဝင်စားမှုကို သိရွိမွ ဆက်သွယ်ခြင်း အနုပညာဟာ ရုပ်လုံးကြွနိုင်ပါမယ်။
ထို့အတွက် အရေးအကြီးဆုံးမှာ အချိန်ပေးခြင်း ဖြစ်တယ်။
သင်ဘယ်လောက်ပင်ပန်းနေပါစေ သားသားမီးမီး လေးတွေ စကားပြောချင်တဲ့အခါ အချိန်ပေးပြီး နားထောင်ပါ။
သားသားမီးမီးလေးတွေနဲ့ အတူဆော့တာ၊ သီချင်းနားထောင်ပေးတာဟာ မိခင်နှင့် သားသမီးကြား နားလည်မှု တိုးစေပါတယ်။

နံပါတ်(၄) သွန်သင်ဆုံးမခြင်း

ကေလးမ်ား မှန်မှန်ကန်ကန် ဘဝလျှောက်လှမ်းနိုင်ဖို့ စည်းမျဉ်းစည်းကမ်းနြှင့် လူ့ကျင့်ဝတ်တွေကို ငယ်ငယ်တည်းက စနစ္တက် သွန်သင်ဆုံးမ ရပါမယ်။
ယနေ့ လူငယ် နောင်ဝင် လူကြီး ဖြစ်လာမယ့် ကလေးတွေအတွက် မိခင်တွေရဲ့ သွန်သင်ဆုံးမခြင်း နည်းလမ်းဟာ အရေးကြီးပါတယ်။
သွန်သင်ဆုံးမခြင်းအတွက် ကလေးရဲ့ အဖြစ်နဲ့ မေလ်ာ္ညီတဲ့ ဆုံးမမှုတွေ ၊ ဒဏ်ခတ်မှုတွေဟာ စိတ်ဒဏ်ရာရစေပြီး လမ်းမှားနှင့် ထွက်ပေါက်ကိုဖြစ်စေနိုင်ပါတယ်။
အခြေအနေပေါ်မူတည်ပြီး အပြစ်ပေါ်မူတည်ပြီး
သင့်တင့်လျော်ညီသော အျပစ္ဒဏ္ကိုသာ ပေးပါ။
အပြစ်ပေးရတဲ့ အကြောင်းအရင်းကို ကေလး နားလည်ပါစေ။ မိမိလုပ္မိတဲ့ အျပစ္ကို သိပါစေ။
ရိုက်နှက်ဆုံးမခြင်း၊ အောက်ဟစ်ဆုံးမခြင်းဟာ မှန်ကန်တဲ့ နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။

နံပါတ်(၅) အထောက်အပံ့ကောင်းဖြစ်ပါစေ။

အထောက်အပံ့ဆိုတာ ငွေရေးကြေးရေးကို ဆိုလိုတာ မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ၊ အကြံဉာဏ်ပိုင်း ဆိုင်ရာအတွက် အမြဲရှိပေးနိုင်မယ့် မိခင်မျိုးဖြစ်ပါစေ။
ကလေးတွေရဲ့ ရင်ဖွင့်ဖော်သူငယ်ချင်း၊ အကြံဉာဏ်တောင်းဖော် မိခင်တစ်ယောက်အနေနဲ့ ရှိပေးပါ။
သင့်ကလေးကို ကျရှုံးခွင့် နှင့် အမှားပြင်ဆင်ခွင့် ပေးနိုင်တဲ့ မိခင့်ဖြစ်အောင် ကျိုးစားပါ။ လက် တွေ့မှာ သားသမီးဇောကြောင့် မေမေတွေဟာ ဂရုနာဒေါသော ဖြစ်တတ်ကြရာကနေ အခြေအနေ တွေ ပိုဆိုးရွားစေနိုင်ပါတယ်။ အမှားမလုပ်သော ကေလးဆိုတာ မရွိပါဘူး။
အထောက်အပံ့ ပေးခြင်းဆိုရာဝယ် အရာရာအားလုံး ရေကန်အသင့် ကြာအသင့်ဝါးပြီး ထမင်း အဆင်သင့် စားစေတာမျိုးမဟုတ်ပဲ ကိုယ်တိုင် ရပ်တည်နိုင်အောင် ရှင်သန်နိုင်အောင်၊ ပြဿနာ တွေကို ကိုယ်တိုင် ဖြေရှင်းနိုင်အောင် အသိပညာ၊ ဗဟုသုတနဲ့ နေထိုင်နည်းတွေကို ဆုံးမေထာက္ပံ့ နိုင်အောင် ဆိုလိုပါတယ်။

နံပါတ်(၆) မိမိကိုယ္ကို အချိန်ပေး၍ ကိုယ်ပိုင်ချိန်ယူခြင်း။

ဒါဟာ စံပြ အမေတစ်ယောက် ဖြစ်ဖို့အတွက် မျဖစ္မေန လိုတဲ့ အရာဖြစ်ပါတယ်။
ကျွန်မတို့ မိန်းမသားတွေဟာ သဘာဝလွန် လူသားတွေ မဟုတ်တဲ့အတွက် ကိုယ်ပိုင်ချိန် မရွိပဲ ကလေးကိစ္စ၊ အိမ်အလုပ်၊ ရုံးအလုပ်၊ အခြားဝေယာဝစ္စတွေနဲ့ပဲ လုံးပန်းနေလို့ မရပါဘူး။
ပင်ပန်းပြီး စိတ်ဖိစီးမှု ပိနေတဲ့ မိခင်တွေဟာ စွမ်းဆောင်ရည် ကျဆင်းပြီး အရာအားလုံးကောင်း အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။

ဥပမာ နေမကောင်းဖြစ်စအချိန်မှာ အချိန်မပေးပဲ ကျန်းမာရေးကို ပစ်ထားခြင်းဟာ အိပ်ယာထဲ လဲသွားစေပြီး မိသားစုကို ဝန်ပိစေနိုင်ပါတယ်။

သူငယ်ချင်း မိတ်ဆွေ၊ ပြင်ပ လောကနှင့် အဆက်အသွယ် ပြတ်နေတဲ့ မိခင်တွေဟာ ဘယ်လိုနည်းနဲ့မှ စံပြ အမေတစ်ယောက် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
ပြောင်းလဲလာတဲ့ ခေတ်စနစ်နှင့် လူနေမှုကြားမှာ မျိုးဆက်ကွာဟချက်ကြောင့် ပြဿနာတွေ ရှိလာနိုင်ပါတယ်။
ကိုယ့်ကိုယ်ကို နားချိန်မပေးတဲ့ မိခင်ဟာ အမြဲစိတ်ဖိစီးမှု များနေပြီး ရန်လိုနေတတ်ပြီး မိသားစုကို စောင့်ရှောက်နည်းမှားယွင်းနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကို အချိန်ပေးပါ။ Me Time ထားပါ။ စာဖတ်ပါ။ ဝါသနာပါရာ စိတ်အပန်း ဖြေမည့် အရာလုပ်ပါ။ အလွအပ ရေးရာအတွက် ဝါသနာပါလျှင် အချိန်ပေးပါ။ လေ့ကျင့်ခန်း လုပ်ပါ။
တက်တက်ကြွကြွ ၊ လန်းလန်းဆန်းဆန်း ရှိနေမှ စံပြ အမေတစ်ယောက် ဖြစ်နိုင်ပါတယ်။

Dr.Yin Yin Win

M.B;B.S(Ygn)

Dip.Med.Sc(Family Medicine)


ဤဆောင်းပါးအား Ondoctor မွ ကူးယူဖော်ပြသည်။

Comments

Popular posts from this blog

အဝလွန်ခြင်းနှင့် စိတ်ကျရောဂါ

ကလေးတွေမှာ IQ က ပိုအရေးကြီးသလား EQ က ပိုအရေးကြီးသလား

ကိုယ်ဝန်ဆောင်နှင့် လိင်ဆက်ဆံရာမှ ကူးစက်တတ်သောရောဂါများ အကြောင်း