ကလေးဝမ်းပျက်ဝမ်းလျှောခြင်း နဲ့ Probiotics / Prebiotics တွေရဲ့ အခန်းကဏ္႑
ကလေးဝမ်းပျက်ဝမ်းလျှောခြင်း နဲ့ Probiotics / Prebiotics တွေရဲ့ အခန်းကဏ္႑
Probiotics / Prebiotics ဆိုတာဘာလဲ?
ယေဘုယျအားဖြင့် ပရိုဗိုင်းအိုကစ် (Prebiotic) / ပရီဗိုင်းအိုတစ် (Prebiotic) တွေဆိုတာ အူလမ်း ကြောင်းကို အကျိုးပြုတဲ့ အကျိုးဖြစ်စေတဲ့ အရာတွေ ဖြစ်တယ်။
အစာချေဖျက်ခြင်းကို ကောင်းမွန်စေပြီး ဝမ်းလျှောခြင်းတွေအတွက် သက်သာစေနိုင်ပါတယ်။
Probiotic ဆိုတာ?
Probiotic ဆိုတာ အူလမ်းကြောင်း အကျိုးပြု ဘက်တီးရီးယားပိုးလေးတွေ ဖြစ်တယ်။
အူလမ်းကြောင်းအတွက် အန္တရာယ်ဖြစ်စေသော ဘက္တီးရီးယား နှင့် မှိုအန္တရာယ်မှ ကာကွယ်ပေး ပါတယ်။
အူလမ်းကြောင်း အကျိုးပြု ဘက္တီးရီးယားပိုး အချို့ဟာ ဗိုက်တင်မင်ကေ နှင့် short chain Fatty acid ကို ဖြစ်ပေါ်စေပါတယ်။
Short Chain Fatty Acid ဓာတ်ဟာ အူမကြီးမှာ ရွိတဲ့ ဆဲလ်တွေကို အာဟာရ ဖြစ်စေပြီး အကာအကွယ်ပိုပေးနိုင်အောင် ပြုလုပ်ပေးပါတယ်။
အူလမ်းကြောင်း ရောင်ယမ်းမှုကို သက်သာစေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် 2017 တွင် လုပ်သော Cochrane စစ်တမ်းတွင် Probiotic တွေဟာ ပိုးသတ်ဆေး သောက် ခြင်းကြောင့် ဝမ်းလျှောခြင်း (antibiotic related diarrhea) ကို 60 ရာခိုင်နှုန်းခန့် လျော့ကျစေကြောင်း တွေ့ရှိရပါတယ်။
IBS လို့ခေါ်တဲ့ အူလမ်းကြောင်းလှုပ်ရှားမှု ပုံမှန် မဟုတ်သော ရောဂါမှာ Probiotic တွေဟာ လက္ခဏာများကို သက်သာစေပါတယ်။
Probiotic (အူလမ်းကြောင်း အကျိုးပြု ဘက္တီးရီးယား) ပါသော အစားအစာမ်ား
ဒိန်ချဉ်
အချဉ်ဖက်ထားသော အစားအစာမ်ား
ကင်ချီ နှင့် ရှမ်းချဉ်များ
Sauerkraut (အချဉ်ဖောက်ထားသည့် ခပ်ပါးပါး လှီးထားသော ဂေါ်ဖီ)
Kombucha (ဂျပန်လူမျိုးတို့ သောက်သော ရေနွေးကြမ်းတစ်မျိုး)
Kefir (ကေဖာ / နို့ချဉ်တစ်မျိုး)
Natto (အချဉ်ဖောက်ထားသည့် ပဲပိစပ်)
Miso (မီဆို / ဂျပန်ရိုးရာ အချဉ်ဖောက်ထားသော အစားအစာတစ်မျိုး)
Raw Cheese (သဘာဝ ဒိန်ခဲ)
Prebiotic (ပရီဗိုင်းအိုတစ်) ဆိုတာ?
Prebiotic ဆိုတာ Probiotic အူလမ်းကြောင်း အကျိုးပြု ဘက်တီးရီးယားပိုးအတွက် အစာ အာဟာရ ဓာတ် ဖြစ်တယ်။
ယေဘုယျအားဖြင့် အချို့ အသီးအရွက် / အသီးအနှံ နှင့် ပဲတွေမှာ ပါဝင်ပါတယ်။
Prebiotic တွေဟာ လူတွေရဲ့ အစာအိမ် နှင့် အူလမ်းကြောင်းမှ မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်ဖြစ် တယ်။
၎ဓာတ္ကို Probiotic အူလမ်းကြောင်း အကျိုးပြု ဘက္တီးရီးယား ပိုးလေးများမှ စားသောက်ချေ ဖြတ်ပြီး အာဟာရ ရယူ ရှင်သန်ပွားများမှု ဖြစ်ပါတယ်။
Probiotic အူလမ်းကြောင်း အကျိုးပြု ပိုးလေးများကို ပွားများအားရှိစေခြင်းဖြင့် အစာအိမ် နှင့် အူလမ်းကြောင်း ကို အကျိုးဖြစ်စေပါတယ်။
Prebiotic ပါသော အစားအစာမ်ား
ပဲအမျိုးမျိုး
မုယောဂျုံ (Oats)
ငှက်ပျောသီး
ကြက်သွန်ဖြူ
ကြက်သွန်နီ
ဘယ်ရီသီးများ
ကညွတ်
ကေလးမ်ား ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် Probiotic / Prebiotic
ဝမ်းချုပ်ခြင်း နှင့် ဝမ်းပျက် ဝမ်းလျှောခြင်း အခြေအနေတွေဟာ ကလေးများတွင် အတွေ့အများဆုံး အူလမ်းကြောင်း ပြဿနာများ ဖြစ်တယ်။
သင့်ကလေးငယ်ဟာ ၂၄ နာရီအတွင်း ၃ ကြိမ် ထက်ပိုပြီး ဝမ်းသွားလျှင် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေ ပြီလို့ ယေဘုယျယူဆနိုင်ပါတယ်။
အများအားဖြင့် ၇ ရက်အတွင်း ကောင်းသွားလေ့ရှိပါတယ်။
ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ အကြောင်းအရင်းများကတော့
ဗိုင်းရပ်စ်ပိုးများကြောင့် (အထူးသဖြင့် ရိုတာဗိုင်းရပ်စ်)
အူလမ်းကြောင်း ပိုးဝင်ခြင်း
အစာအဆိပ် ဖြစ်ခြင်း
နို့ နှင့် နို့ထွက်ပစ္စည်းများမှ Lactose နှင့် ဓာတ်မတည့်ခြင်း
အူလှုပ်ရှားမှု ပုံမှန် မဟုတ်ခြင်း (IBS)
ပိုးသတ်ဆေးကြောင့် ဖြစ်သော ဝမ်းလျှောခြင်း
Probiotic နှင့် Prebiotic တွေဟာ အူလမ်းကြောင်းရဲ့ ကိုယ္ခံအား စနစ္ကို ကောင်းစေပြီး အူလမ်း ကြောင်းကို ဒုက္ခပေးသည့် ပိုးမ်ားကို လျော့နည်းစေပါတယ်။
အစာခြေ စနစ်နှင့် အတွင်းကျန်းမာရေးကို ဟန်ချက်ညီအောင် ထိန်းညှိပေးပါတယ်။
ဒါကြောင့် Probiotic / Prebiotic တွေကို အောက်ပါ အကြောင်းအရင်းကြောင့် ဖြစ်တဲ့ ဝမ်းလျှော ခြင်းတွေမှာ သုံးလေ့ရှိပါတယ်။
ဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်သော ဝမ်းလျှောခြင်း
ပိုးသတ်ဆေးကြောင့် ဖြစ်သော ဝမ်းလျှောခြင်း
အူလှုပ်ရှားမှု ပုံမှန်မဟုတ်ခြင်း (IBS)
Lactose ဓာတ္ကို မချေဖျက်နိုင်သော အခြေအနေ (Lactose Intolerance)
၎င်းအခြေအနေတွေမှာ
ဝမ်းပျက်ဝမ်းလျှောသည့် ရက် နှင့် အကြိမ်ရေကို လျော့နည်းစေပါတယ်။
ကေလးငယ္မ်ား ဝမ်းပျက်ဝမ်းလျှောလျှင် Probiotic / Prebiotic ကို ဘယ်လိုရနိုင်မလဲ?
သဘာဝ အစားအသောက်တွေမှ ရနိုင်ပါတယ်။
Prebiotic /Probiotic ကြွယ်ဝတဲ့ အစားအစာကို ပို၍ ကျွေးနိုင်ပါတယ်။
Probiotic / Prebiotic ဖြည့်စွက်စာများ တိုက်ကျွေးနိုင်ပါတယ်။
ဆေးအတောင့် ၊ အမှုန့်ထုပ်လေးများ အေန နှင့် ဝယ်ယူနိုင်ပါတယ်။
ဘေးအန္တရာယ် ထွေထွေထူးထူး ရှိလေ့ မရွိပါဘူး။
Prebiotic / Probiotic ဖြည့်စွက်ထားသော ဖော်မြူလာ နို့မှုန့်များလည်း ရှိပါတယ်။
မိခင်နို့တွင် ပါသော သကြားဓာတ်မှလည်း Prebiotic ကို ရရှိနိုင်ပါတယ်။
Dr.Yin Yin Win
M.B;B.S (YGN)
Dip.Med.Sc (Family Medicine)
Comments
Post a Comment
ဝေဖန်အကြံပြုချက်များ ရေးသားခဲ့နိုင်ပါသည်