မနက်စာမဖြစ်မနေစားသင့်တဲ့အကြောင်းရင်းများ
လူတိုင်းနီးပါးဟာ မနက်မိုးလင်းတာနဲ့ သက်ဆိုင်ရာ အလုပ်ကိုယ်စီအတွက် ရုန်းကန်လှုပ်ရှားနေကြရပါပြီ။ ဟိုးအရင်တုန်းကလို မနက္စာကို မိသားစု စုံစုံလင်လင်နဲ့ ၀ိုင်းဖွဲ့စားသောက်ဖို့ဆိုတာ တော်တော်ရှားသွားပါပြီ။
အလုပ်သွားခါနီး ကော်ဖီနဲ့ မုန့်တစ်ခုကို ကမန်းကတန်း စားသြားရတဲ့ လူတွေ တချို ့ဆို မနက်စာတောင် မစားနိုင်ဘဲ အပြေးအလွှား အလုပ်သွားရတဲ့ လူတွေ များပါတယ်။ တချို ့ကျတော့ စားဖို့ အတွက် အချိန်ကို မပေးလိုက်နိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ဘယ္လိုပဲ ဖြစ်ဖြစ် မနက္စာကို ကော်ဖီလောက် ဘီစကစ်လောက် မဟုတ်ဘဲ သေချာစားဖို့ အကြံပြုပါရစေ။ ဘာကြောင့်လဲဆိုတော့ မနက္စာ မစားခြင်းရဲ့ ဆိုးကျိုးတွေဟာ ဘ၀နေထိုင်မှုနဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ အတွက်ဖြစ်ပါတယ်။
ဆီးချိုဖြစ်စေမယ့် အန္တရာယ်ကို လျှော့ချစေခြင်း
မနက္စာ မစားတာနဲ့ ဆီးချိုတက်ခြင်းဟာ အချိတ်အဆက် ရှိတယ်လို့ စမ်းသပ်တွေ့ရှိမှုတွေက ဆိုထားပါတယ်။ ကမ္ဘာ့ဆေးပညာရှင်တွေကတော့ မနက်််စာစားခြင်းဟာ ကျန်တဲ့ နေ့တစ်နေ့တာရဲ့ အစာစားချင်တဲ့ အာသီသကို ပုံမှန်ဖြစ်စေတယ်လို့ ဆိုပါတယ်။ မနက်စာစားခြင်းဟာ အင်ဆူလင်ဓာတ်ကို ရစေပြီး ဆီးချိုနဲ့ သွေးတိုးရောဂါတို့ကို ထိန်းချုပ်ပေးနိုင်တယ်လို့ ရောဂါကူးစက်ပျံ့ပွားရေး ပညာရပ်ဆိုင်ရာ သုတေသီတွေက ဆိုထားပါတယ်။
နှလုံးကျန်းမာရေးအတွက် အရေးကြီးခြင်း
မနက္စာကို ပုံမှန် မစားတဲ့ လူတွေဟာ နှလုံးရောဂါ ဖြစ်ပွားဖို့ ၂၇% ရှိတယ်လို့ ဟားဗတ်တက္ကသိုလ် ကျန်းမာရေး ဌာနက ပြောထားပါတယ်။ သုတေသန ပညာရှင်တွေက အမျိုးသား ၂၆၀၀၀ ကို ၁၆နှစ်တာ စောင့်ကြည့်လေ့လာခဲ့ပြီး ဒီအဆိုကို အတည်ပြုခဲ့တာလို့ ပြောပါတယ်။ မနက္စာ မစားသူတွေက Heart Attacks နဲ့ နှလုံးဆိုင်ရာ ပြဿနာတွေကြောင့် သေဆုံးရတယ်လို့ ပြောပါတယ်။
ပရိုတိန်းဓာတ်ဟာ Junk Food တွေကို ရှောင်ရှားဖို့ အထောက်အကူ ဖြစ်စေခြင်း
ရိုးရိုးရှင်းရှင်း တွေးကြည့်မယ်ဆိုရင် မနက်််စာစားခြင်းဟာ တစ်မနက်လုံးမှာ စာလောင်ခြင်းကို မဖြစ်ပေါ်စေသလို ၀မ်းဗိုက်ကို တင်းတိမ်ရောင့်ရဲစေတယ်ဆိုတာ တွေးမိမှာပါ။ မနက္စာမွာ ပါ၀င်တဲ့ ပရိုတိန်းဓာတ်ဟာ တစ်နေ့တာလုံးအတွက် အထောက်အကူဖြစ်စေပါတယ်။ ကြက်ဥ၊ အသားနဲ့ ဒိန်ချဉ် ကို မနက္စာထဲမွာ ပါ၀င်အောင် စားထားမယ်ဆိုရင် ညနေခင်းတွေမှာ သေရစာ စားခြင်းစိတ်ကို လျော့နည်းစေပါတယ်။ ၀ိတ်ထိန်းနေသူတွေ ဆိုရင်တော့ မနက္စာကို မျဖစေ္မန စားသုံးပေးဖို့ လိုပါလိမ့်မယ်။
မနက္စာဟာ တက်ကြွတဲ့ နေထိုင်မှုပုံစံကို အထောက်အကူ ဖြစ်စေခြင်း
မနက္စာ စားတဲ့လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ပိုမိုသန်မာပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမို လုပ်နိုင်ကြပါတယ်။ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်သူတွေဟာ အစာနည်းနည်းစားပြီး လုပ်ဆောင်မယ်ဆိုရင် ကယ်လိုရီလောင်ကျွမ်းစေပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး တက်ကြွနေစေချင်တယ်ဆိုရင်တော့ မနက္စာ စားဖို့ အချိန်နည်းနည်းပေးလိုက်ပါ။
မနက္စာ စားခြင်းဟာ အာရုံစူးစိုက်မှုကို ပိုမိုရရှိစေနိုင်ခြင်း
ဒီအကြောင်းပြချက်ကြောင့်ပဲ တချို့တိုင်းပြည်တွေရဲ့ ကျောင်းတွေမှာ ကျောင်းသားတွေကို မနက္စာ စားစေပါတယ်။ အာဟာရပညာရှင်တွေကတော့ မနက်ပိုင်းမှာ အစာတစ်ခုစားခြင်းဟာ သင်ယူလေ့လာမှုတွေကို ပိုမို အားကောင်းစေတယ်လို့ ဆိုပါတယ်။ ညပိုင်း အိပ်စက်နေတဲ့ အချိန်တွေမှာ သွေးထဲက သကြားဓာတ်ဟာ လျော့ချနေတတ်ပြီး မနက္စာ စားခြင်းဟာ ဒီလျော့ချမှုကို အစားထိုးပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအစာတွေနဲ့ ပရိုတိန်းဓာတ်တွေ ပြည့်၀တဲ့ အစားအစာတွေကိုသာ မနက်စာအဖြစ် စားသုံးမယ်ဆိုရင် ဦးနှောက်မှတ်ဉာဏ်တွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
မြန်မာလူမျိုး အများစုကေတာ့ မနက္စာကို မုန့်ဟင်းခါး၊ အသုပ်စုံ၊ ခေါက်ဆွဲ၊ အီကြာကွေး၊ လက်ဖက်ရည်၊ ပေါက်စီ တို့ကို စားတတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် မစားဖြစ်လိုက်ဘူးဆိုတာထက် အစာအိမ်ရဲ့ လုပ်ငန်းစဉ်ကို အနှောင့်အယှက်မဖြစ်အောင် စားပေးဖို့ လိုပါတယ်။ ဒီလို အကြံပြုချက်လေးတွေကို ဖတ်ပြီး မြန်မာအခြေအနေနဲ့ သင့်တော်မယ့် အစားအစာတွေကို စားသုံးမယ်ဆိုရင်လည်း အဆင်ပြေပါလိမ့်မယ်။
Source: bagohealth
Comments
Post a Comment
ဝေဖန်အကြံပြုချက်များ ရေးသားခဲ့နိုင်ပါသည်