ကိုယ်ဝန်ဆောင်နှင့် လိင်ဆက်ဆံရာမှ ကူးစက်တတ်သောရောဂါများ အကြောင်း
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.
ကိုယ်ဝန်ကို ဘယ်လိုထိခိုက်နိုင်လဲ
HIV- သင့်ကလေးဆီကို ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားနေစဉ် သို့မဟုတ် နို့တိုက်နေစဉ် ကူးစက်သွားနိုင်ပါတယ်။ ကံကောင်းစွာပဲ တကယ်လို့သင်က ရောဂါကိုစောစီးစွာသိရှိခဲ့ရင် ကလေးကိုကူးနိုင်ခြေနည်းအောင် ကာကွယ်နည်းတချို့ရှိပါတယ်။
အသည်းရောင် ဘီရောဂါ
ဒီအသည်းရောဂါတစ်မျိုးဟာဆိုရင် ကိုယ်ဝန်ဆောင်နေစဉ်မှာ သင့်ကလေးကိုကူးစက်သွားနိုင်ပါတယ်။ သင်ရောဂါရချိန်ဟာ မီးဖွားခါနီးချိန်နှင့် နီးကပ်လေလေ၊ ကူးနိုင်ခြေများလေလေဖြစ်ပါတယ်။ မွေးပြီးပြီးခြင်း ကုသမယ်ဆိုပါက ပျောက်ကင်းနိုင်ခြေရှိပါတယ်။
Chlamydia ကလက်မိုင်းဒီးယားဟုခေါ်သော ကူးစက်ရောဂါ
ဒီရောဂါဟာ နေ့မစေ့ လမစေ့မွေးဖွားခြင်း၊ ရေမြွှာစောစောပေါက်ခြင်းနှင့် ကလေးပေါင်မပြည့်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ မွေးဖွားနေစဉ်မှာ သင့်ကလေးကို ဒီရောဂါ ကူးသွားနိုင်ပါတယ်။
ကာလသားရောဂါ
ကိုယ်ဝန်ဆောင်စဉ် ကာလသားရောဂါဟာ နေ့မစေ့လမစေ့မွေးခြင်း၊ အသေမွေးခြင်း၊ တစ်ခါတရံ မွေးမွေးပြီးချင်းကလေးသေခြင်း တို့ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကလေးထံကူးနိုင်ပြီး အသက်ရှင်လျက် မွေးလာသောကလေးကို မကုသပါကလည်း အင်္ဂါအစိတ်အပိုင်း တော်တော်များများ ထိခိုက်သွားစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ ဘယ်လိုကုသရမလဲ
ကာလသားရောဂါနှင့် ကလက်မိုင်းဒီးယား (Chlamydia) တို့ကို ပဋိဇီဝဆေးများနှင့် ကုသနိုင်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော HIV ၊ အသည်းရောင်အသားဝါ ဘီ နဲ့စီ တို့မှာမူ ကုသရန်ဆေးမရှိဘဲ ဗိုင်းရပ်စ်သတ်ဆေးများဖြင့် ကလေးထံကူးစက်နှုန်းကိုတော့ လျှော့ချနိုင်ပါတယ်။
ရောဂါရနိုင်ခြေဘယ်လိုလျှော့ရမလဲ
Comments
Post a Comment
ဝေဖန်အကြံပြုချက်များ ရေးသားခဲ့နိုင်ပါသည်