Covid ကြောင့် Stay Home ေနကြတဲ့ ကာလမှာ Vitamin D က ဘာလို့ အရေးကြီးတာလဲ?
Covid ကြောင့် Stay Home ေနကြတဲ့ ကာလမှာ Vitamin D က ဘာလို့ အရေးကြီးတာလဲ? Vitamin D ဆိုတာ ဘာလဲ? Vitamin D (ဗိုက်တာမင် ဒီ) ဆိုတာ ဗိုက်တာမင်လို့ ခေါ်သော်လည်း ဟော်မုန်းအလားတူ ရှေ့ပြေး ဓာတ်တစ်မျိုးဖြစ်တယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှာ ဗိုက်တာမင်ဓာတ်တွေကို မထုတ်ပေးဘဲ အစားအသောက် နှင့် ဖြည့်စွက်စာ တွေမှသာ ရရှိလေ့ ရှိပါတယ်။ ” ဗိုက်တာမင် ဒီ ” ကတော့ အခြား ဗိုက်တာမင်တွေလို မဟုတ်ဘဲ ခန္ဓာကိုယ်မှ ထုတ်ပေးနိုင် ပါတယ်။ နေရောင်ခြည် နှင့် ထိတွေ့သည့်အခါ ခန္ဓာကိုယ်ထဲရှိ cholesterol ဓာတ်မှ ဗိုက်တာမင် D ကို ထုတ်လွှတ်ပေးပါတယ်။ ဗိုက်တာမင် D ကို အစားအသောက် နှင့် ဖြည့်စွက်စာတွေမှလည်း ရရှိနိုင်ပါတယ်။ Vitamin D ကောင်းကျိုးများ ဗိုက်တာမင် D ဟာ ခန္ဓာကိုယ်ထဲမှာ Calcitriol လို့ခေါ်တဲ့ ဟော်မုန်းအနေနှင့် ပြောင်းသွားပြီး ကယ်ဆီယမ် ဓာတ် နှင့် ကိုယ်ခံအားကို တိုးမြှင့်ပေးပြီး အချိုဓာတ် ထိန်းညှိပေးသည့် Insulin (အင်ဆူလင်) ဓာတ်ကိုပါ ညှိနှိုင်းပေးပါတယ်။ ဒါကြောင့် ဗိုက်တာမင် D ဓာတ်ဟာ ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်း အရိုး နှင့် သွားများကို သန်မာစေခြင်း ဦးနှောက် နှင့် အာရုံကြောကို အားဖြစ်စေခြင်း Insulin ဓာတ်ကို ထိန်းည...